


ပုံ ( ၁ ) ကို ကြည့် ရ အောင် . . .


.
.
ပုံ ( ၂ ) ကို ကြည့် ပါ ။


.
ပုံ ( ၃ ) ကို ကြည့် ပါ ။



.
ပုံ ( ၄ ) ကို ကြည့် ပါ ။


.
.
.
[Unicode]
. . . . Boeing-777 လေ ယာဉ် အင် ဂျင် P&W-4000 အ တွင်း အ စိပ် အ ပိုင်း များ . . .
.
Turbo-Fan အင် ဂျင် ရဲ့ အ ခြေ ခံ သ ဘော တ ရား ( Basic Concept ) -
ပုံ ( ၁ ) ကို ကြည့် ရ အောင် . . .
အ လယ် ခေါင် တည့် တည့် မှာ - တစ် ချောင်း အ ပေါ် တ ချောင်း စွပ် ထား တဲ့ ပိုက် လုံး လို မျိုး / နှစ် ထပ် ဝန် ရိုး ကို တွေ့ ရ ပါ မယ် ။ အ ရင် Post မှာ ဖေါ် ပြ ခဲ့ တဲ့ - N1 rpm က အ တွင်း ဝန် ရိုး ရဲ့ လည် ပါတ် တဲ့ အ မြန် နှုန်း ဖြစ် ပြီး / N2 rpm က တော့ အ ပြင် ဝန် ရိုး " လည် ပါတ် နှုန်း " ဖြစ် ပါ တယ် ။
.
အ တွင်း ဝန် ရိုး ရဲ့ အ ရှေ့ ဘက် ထိပ် မှာ - Fan နဲ့ သူ့ နောက် ကပ် လျှက် မှာ LP Compressor blades ( ဖိ အား နည်း ဒ လက် ) များ / အ ဆင့် ဆင့် တပ် ဆင် ထား ပါ တယ် ။ ဒီ ဝန် ရိုး ရဲ့ အ နောက် ဘက် အ ဆုံး မှာ တော့ - LP Turbine disc ( ဖိ အား နည်း တာ ဘိုင် ဒ လက် အ ချပ် ) များ ကို တပ် ဆင် ထား တယ် ပေါ့ ။ အ ပြင် ဝန် ရိုး ပေါ် မှာ က - ရှေ့ ဘက် မှာ HP Compressor blades အ ဆင့် များ နဲ့ / နောက် ဘက် မှာ HP Turbine disc အ ချပ် ပြား များ တပ် ဆင် ထား တာ ပါ ။ အင် ဂျင် ရဲ့ အ လယ် မှာ တော့ - က တော့ ပုံ သ ဏ္ဌန် " Diffuser " နဲ့ / ကပ် လျှက် မှာ " Combustor " / အင် ဂျင် ရဲ့ နောက် ဆုံး မှာ တော့ - ထွက် လာ သ မျှ အိပ် ဇော တွန်း အား ကို စု စည်း စွန့် ထုတ် မဲ့ " Exhaust case " တို့ ကို တွေ့ ပါ မယ် ။
( LP = Low pressure / HP = High pressure )
အ တွင်း ဝန် ရိုး = အ စိမ်း ရောင် / အ ပြင် ဝန် ရိုး = ခ ရမ်း ရောင်
.
ဘယ် လို အ လုပ် လုပ် ကြ သ လဲ ?
အင် ဂျင် ရှေ့ က " လေ " ကို Fan က - လည် ပါတ် စုပ် သွင်း ယူ လိုက် ပြီး / LP Compressor ထဲ မှာ အ ဆင့် တ ခု အ ထိ ဖိ အား Pressure ကို မြှင့် တင် ပေး လိုက် ပါ တယ် ။ ဒီ နှစ် ခု လည် ပတ် ပြီ ဆို တော့ - အ တွင်း ဝန် ရိုး တစ် ချောင်း ထဲ ပေါ် မှာ ရှိ နေ တဲ့ / နောက် ဆုံး က Turbine disc များ လည်း လည် ပြီ ပေါ့ ။ ဝင် လာ တဲ့ လေ ကို - စုပ် ထုတ် ပြစ် တဲ့ သ ဘော ဘဲ ပေါ့ ။
LPC က ထွက် လာ တဲ့ ဖိ အား ရှိ ပြီး သား " လေ" ကို - HP Compressor အ တွင်း မှာ အ မြင့် ဆုံး ဖိ အား ရ အောင် / ထပ် ပြီး " Compress " လုပ် ပါ တယ် ။ ဒီ " Compressed Air " ကို Diffuser အ တွင်း မှာ - လောင် ဆာ ဆီ ( Fuel ) ထိုး သွင်း ပေး လိုက် ပါ တယ် ။ တ ဆက် တည်း ရှိ နေ တဲ့ Combustor ( Combustion chamber ) အ တွင်း မှာ - မီး လောင် ပေါက် ကွဲ မှု ဖြစ် ပေါ် ပြီး / တွန်း ကန် အား ကို ဖြစ် ပေါ် စေ ပါ တယ် ။
ဒီ တွန်း ကန် အား က - အ ပြင် ထွက် နိုင် ဘို့ နောက် မှာ ရှိ နေ တဲ့ / HP Turbine disc များ ကို လှည့် ပြီး ဖြတ် သန်း ထွက် ခွါ ပါ တယ် ။ HP Turbine လည် တော့ - အ ပြင် ဝန် ရိုး တစ် ချောင်း ထဲ ပေါ် မှာ အ တူ တပ် ဆင် ထား တဲ့ / HP Compressor လည်း လိုက် လည် ရ တော့ တာ ပေါ့ ။ HPC များ များ လည် လေ - ဖိ အား က ပို မြင့် လေ / ဖိ အား ပို များ လို့ ပေါက် ကွဲ အား ပြင်း လာ တော့ - HPT က ပို မြန် လာ / HPT ပို ပြီး မြန် မြန် လည် လေ - HPC က ပို မြန် ပြီး ဖိ အား ပို များ လာ တယ် ပေါ့ ။
ရှေ့ ဆုံး က Fan နဲ့ LP Compressor တို့ လည်း - ဒီ နည်း အ တိုင်း ပါ ဘဲ ။ အ တွင်း ဝန် ရိုး တစ် ချောင်း ထဲ ပေါ် မှာ ရှိ နေ တဲ့ နောက် ဆုံး က LP Turbine ပို ပြီး မြန် မြန် လည် လေ - Fan နဲ့ LPC တို့ ပို မြန် လာ မယ် ပေါ့ ။ ပို မြန် မြန် လည် တော့ လေ ပို ပြီး ဝင် / ဖိ အား ပို များ / ဖိ အား များ တော့ - LPT ပို မြန် မြန် လည် ပေါ့ ။ LPT ပို လည် တော့ - Fan နဲ့ LPC ပို မြန် ပြီ ပေါ့ ။
.
ပုံ ( ၂ ) ကို ကြည့် ပါ ။
Compressor blades အ သစ် များ တပ် ဆင် နေ တာ ကို တွေ့ ရ ပါ မယ် ။ Compressor blade ( ဒ လက် ) များ ရဲ့ " Aerofoil shape " ကို သ တိ ပြု ပါ ။ လေ ယာဉ် အ တောင် ပံ မှာ လို ဘဲ - Lift / Drag / Pressure တွေ အ တိ အ ကျ တွက် ပြီး - ဒီ ဇိုင်း ထုတ် ထား တာ ဖြစ် ပါ တယ် ။ သူ တို့ ကို လည် ပါတ် စေ ခြင်း ဖြင့် - ဖိ အား Pressure ကို ဖြစ် ပေါ် စေ မှာ ပါ ။ Blade assembly တစ် ခု လုံး ကို " Rotor " လို့ ခေါ် ပါ တယ် ။ ဘေး မှာ ချ ထား တဲ့ ကွင်း ပုံ သ ဏ္ဌန် နှစ် ခြမ်း မှာ လည်း - ဒီ လို Aerofoil blade တွေ ပါတ် ပါတ် လည် ရှိ နေ ပါ တယ် ။
Rotor blade တွေ အ ကြား မှာ - ခေါင်း ဖီး တဲ့ ဘီး လို စွပ် သွင်း လိုက် ပြီး / အ ခြမ်း နှစ် ခြမ်း ကို စက် ဝိုင်း ပုံ ဖြစ် အောင် ဆက် မှာ ပါ ။ ဒီ blade တွေ က - လည် ပါတ် မှာ မ ဟုတ် ဘဲ / အင် ဂျင် Body ပေါ် မှာ အ သေ တည် ရှိ နေ မှာ ပါ ။ Stationary blade assembly ကို တော့ - " Stator " လို့ ခေါ် ပါ တယ် ။
Stator ပေါ် က blade တွေ နဲ့ / လည် ပါတ် မဲ့ Rotor ပေါ် က blade တွေ ကြား - ဖြတ် သန်း ဝင် ရောက် မဲ့ " လေ " ရဲ့ လမ်း ကြောင်း " Flow direction " က အ ထူး အ ရေး ကြီး ပါ တယ် ။ လည် ပါတ် တဲ့ အ မြန် နှုန်း အ လိုက် - ခု ခံ မှု နည်း ဘို့ / လေ ထု ထည် များ ဘို့ / ဒ လက် တွေ မြန် နှုန်း အ ပြည့် ရ နိုင် ဘို့ စ တဲ့ အ ချက် တွေ ပေါ် မူ တည် ပြီး / Stator ပေါ် မှာ ရှိ တဲ့ blade aerofoils တွေ ကို လှည့် ပေး ရ ပါ တယ် ။ လေ ဝင် ဒေါင့် ( Angle ) ပြောင်း အောင် လုပ် ပေး ရ တယ် ပေါ့ ။ ဒါ ကို . . . Variable Stator Guide Vanes လို့ ခေါ် ပါ တယ် ။
လေ ယာဉ် တစ် စင်း လုံး မှာ လို အပ် တဲ့ ဖိ အား မြင့် " လေ " ( Pneumatic Power ) ကို တော့ - HPC downstream က နေ Valve များ ခံ ပြီး ဖေါက် ထုတ် ယူ ပါ တယ် ။
P&W-4000 အင် ဂျင် မှာ ကြည့် ရ အောင် -
Low Pressure Compressor မှာ ဒ လက် များ ( ၇ ) ဆင့် ရှိ ပါ တယ် ။
7 Stages LPC system ဖြစ် ပါ တယ် ။ အ တွင်း ဝန် ရိုး N1 ပေါ် မှာ တပ် ထား တာ ပါ ။
High Pressure Compressor မှာ ဒ လက် များ ( ၁၁ ) ဆင့် ရှိ ပါ တယ် ။
11 Stages HPC system ဖြစ် ပါ တယ် ။ အ ပြင် ဝန် ရိုး N2 ပေါ် မှာ တပ် ထား တာ ပါ ။ ဒီ HPC ရဲ့ 1-4 stages / ပ ထ မ ( ၄ ) ဆင့် မှာ - လေ လမ်း ကြောင်း ပြောင်း ပေး နိုင် တဲ့ / Variable Stator Vane များ တပ် ဆင် ထား ပါ တယ် ။
.
ပုံ ( ၃ ) ကို ကြည့် ပါ ။
Diffuser နဲ့ Combustor ရဲ့ ဖြတ် ပိုင်း ပုံ မှာ - ရှေ့ ဆုံး က တစ် ခြမ်း လောက် ဘဲ မြင် နေ ရ တာ က - Stator blade များ ဖြစ် ပါ တယ် ။ ထင် ရှား စွာ မြင် နေ ရ တဲ့ - Rotor Blade ( HPC 11th-stage ) ရဲ့ နောက် က / " က တော့ " ပုံ သ ဏ္ဌန် လေ ဝင် ပေါက် က တော့ Diffuser ပါ ။ Diffuser အ ပေါ် ပိုင်း မှာ - Fuel injector နဲ့ Fuel pipeline တွေ ကို မြင် ရ ပါ မယ် ။ Diffuser နဲ့ တ ဆက် တည်း ရှိ နေ တဲ့ အ ပိုင်း / အ ပေါက် ငယ် လေး တွေ နဲ့ မြင် နေ ရ တာ က တော့ - Combustor ( Combustion Chamber ) ဖြစ် ပါ တယ် ။ ပါတ် ပါတ် လည် မှာ ရှိ နေ တဲ့ အ ပေါက် ငယ် လေး တွေ က တော့ - အ ပူ ချိန် အ လွန် မြင့် သွား ခြင်း မှ ကာ ကွယ် ရန် Compressed air တ ချို့ ကို / Combustor အ တွင်း ဖြတ် သန်း ဝင် ရောက် နိုင် အောင် / ဒီ ဇိုင်း လုပ် ထား တာ ဖြစ် ပါ တယ် ။
P&W-4000 အင် ဂျင် မှာ သုံး ထား တဲ့ Combustor က တော့ - တစ် ခု တည်း သော ပါတ် ပါတ် လည် အိုး ( Annular Combustion Chamber ) အ မျိုး အ စား ဖြစ် ပါ တယ် ။ လောင် ဆာ ဆီ ထိုး သွင်း မဲ့ - Fuel Injector ( ၂၄ ) ခု နဲ့ Ignite Plugs ( ၂ ) ခု ပါ ဝင် ပါ တယ် ။
.
ပုံ ( ၄ ) ကို ကြည့် ပါ ။
Turbine blade disc assembly နဲ့ Stationary Turbine blade assembly အ ခြမ်း တို့ ကို - Sketch ပုံ အ နေ နဲ့ တွေ့ ရ ပါ မယ် ။ ရှေ့ က Compressor ရဲ့ " Rotor " နဲ့ " Stator " တွေ လို ဘဲ - လည် နေ မဲ့ Turbine blade များ နဲ့ / အင် ဂျင် ပေါ် မှာ အ သေ ထိုင် ထား တဲ့ Stator blade များ ရှိ ပါ တယ် ။ " Turbine bade " ဒ လက် တွေ ကို တော့ - အ နား ပါတ် ပါတ် လည် မှာ ကွင်း နဲ့ ချုပ် ထား လို့ / ပု ဂံ ပြား ပုံ သ ဏ္ဌန် နဲ့ ဆင် တူ ပါ တယ် ။ ဒါ ကြောင့် . . . " Turbine Disc " လို့ ခေါ် တာ ပါ ။ အ တွင်း အ ကျ ဆုံး HP Turbine disc တွေ ကို - အ ပြင် ဝန် ရိုး N2 ပေါ် မှာ တပ် ဆင် ထား ပြီး / သူ လည် ရင် - ရှေ့ က HPC blade တွေ ကို လိုက် လည် စေ တယ် ပေါ့ ။ နောက် ဆုံး မှာ ရှိ နေ တဲ့ LP Turbine disc တွေ ကို တော့ - အ တွင်း ဝန် ရိုး N1 ပေါ် မှာ တပ် ထား တာ ဖြစ် ပါ တယ် ။ သူ လည် ရင် - ရှေ့ က Fan နဲ့ LPC blade တွေ လိုက် လည် မှာ ပါ ။
P&W-4000 အင် ဂျင် မှာ - Low Pressure Turbine disc ( ၇ ) ချပ် တပ် ဆင် ထား ပါ တယ် ။ High Pressure Turbine disc က တော့ ( ၂ ) ချပ် ပါ ။ HP Turbine တပ် ဆင် ထား တဲ့ အ ပြင် ဝန် ရိုး N2 ပေါ် မှာ - ဂီ ယာ အုံ MGB ( Main Gear Box ) ကို ချိတ် ဆက် ထား ပါ တယ် ။ Tower shaft ( Vertical ), Lay shaft ( Horizontal ) နဲ့ အ စောင်း ဒေါင့် ဂီ ယာ အုံ AGB ( Angle Gear Box ) များ ပါ ဝင် ပါ တယ် ။ အ လွန် မြန် ဆန် တဲ့ လည် ပါတ် နှုန်း ကို - Reduction Gear များ ခံ ပြီး လျှော့ ချ ပေး မှ သာ / Fuel pump, Hydraulic pump, Electric Generator စ တဲ့ စက် ပ စ္စည်း တွေ ကို တပ် ဆင် လည် ပါတ် နိုင် မှာ ဖြစ် လို့ ပါ ။
.
TEC ( Turbine Exhaust Case ) အ ကြောင်း က တော့ - ထူး ထူး ထွေ ထွေ သိပ် မ ရှိ ပါ ။ Turbine နောက် ဆုံး အ ဆင့် က ထွက် လာ တဲ့ - အိပ် ဇော အား လုံး ကို ပြင် ပ လေ ထု အ တွင်း / " တွန်း အား " ( Thrust ) အ နေ နဲ့ စွန့် ထုတ် တဲ့ အ ပိုင်း ဖြစ် ပါ တယ် ။ အင် ဂျင် ရဲ့ " Main engine bearing compartment " ကို TEC မှာ ထား လေ့ ရှိ ပါ တယ် ။ လေ ယာဉ် ပေါ် မှာ အင် ဂျင် ထိုင် ဘို့ - Engine Mount တွေ ကို လည်း ဒီ အ ပိုင်း မှာ တွေ့ ရ မှာ ပါ ။
P&W-4000 အင် ဂျင် နောက် က နေ - အိပ် ဇော အ တွင်း လှမ်း ကြည့် လိုက် ရင် / အင် ဂျင် အ ပူ ချိန် တိုင်း " အ တံ " ( EGT probe ) များ ကို / နောက် ဆုံး Turbine က အ ထွက် နား မှာ မြင် နိုင် ပါ တယ် ။ ဒီ Sensor တွေ က နေ - Cockpit ထဲ မှာ EGT ( Exhaust Gas Temp. ) display အ နေ နဲ့ ပြ မှာ ပါ ။ လေ ယာဉ် မှူး တွေ အ တွက် အ လွန် အ ရေး ကြီး တဲ့ Indicator ပေါ့ ။ အင် ဂျင် အ ပူ ချိန် သိပ် မြင့် ရင် - ပျံ သန်း နေ တုန်း လေ ထဲ မှာ အင် ဂျင် မီး လောင် တတ် လို့ ပါ ။
.
Turbo-Fan အင် ဂျင် ရဲ့ ထူး ခြား တဲ့ အ ကောင်း ဆုံး အ ချက် က တော့ - Fan ကို ဖြတ် ပြီး ထွက် လာ တဲ့ လေ အေး တွေ ဟာ / လေ ယာဉ် ကို ရှေ့ သို့ တွန်း ပို့ ပေး ရုံ မ ဟုတ် ဘဲ / အ လွန် အ ပူ ချိန် မြင့် တဲ့ Engine core ကို ပါ " Cooling Effect " ရ စေ ခြင်း ဖြစ် ပါ တယ် ။ နောက် တ ချက် က တော့ - သာ မန် " ဂျက် အင် ဂျင် " ထက် ဆူ ညံ သံ " Noise " နည်း တာ ဖြစ် ပါ တယ် ။
.
( နောက် နေ့ အင် ဂျင် Control အ ကြောင်း ဆက် ပါ မယ် )
Credit to, Sayar Tint Naing

Comments