လေ ကြောင်း လိုင်း မှာ ပျံ သန်း နေ တဲ့ လေ ယာဉ် ကြီး တွေ ပေါ် မှာ Power ( ၃ ) မျိုး ရှိ ပါ တယ် ။
- Electric power
- Hydraulic power
- Pneumatic power
ဒီ စ နစ် တွေ ရဲ့ အ လုပ် လုပ် နေ ပုံ ကို - Pilot နှစ် ဦး ရှေ့ က Lower LED display ( အ လယ် က အ ပေါ် အောက် ဒေါင် လိုက် ) မှာ မြင် တွေ့ နိုင် ပါ တယ် ။ ဘယ် အ စွန် Display က - လေ ယာဉ် အ နေ အ ထား ( Orientation ) နဲ့ Auto-pilot လမ်း ညွှန် ကိန်း ဂ ဏန်း များ ပြ တဲ့ ADI ( Attitude Director Indicator ), ကပ် လျှက် က - ခ ရီး စဉ် တ လျှောက် လုံး ညွှန် ပြ နေ မဲ့ ND ( Navigation Display) နဲ့ အ လယ် ခေါင် အ ပေါ် Display က - Upper ECAM နဲ့ အောက် က Lower ECAM ( Electronic Centralized Aircraft Monitoring ) တို့ ဖြစ် ပါ တယ် ။ Electric / Hydraulic / Pneumatic တွေ ကို Lower ECAM မှာ ပြ မှာ ပါ ။ အင် ဂျင် အ ချက် အ လက် ( Engine Parameter ) များ နဲ့ ပျံ သန်း မှု ( Flight System ) အ တွက် အ ရေး ကြီး တဲ့ သ တိ ပေး EICAS ( Engine Indicating & Crew Alerting System ) message တွေ ကို တော့ - Upper ECAM display မှာ ပြ ပါ တယ် ။ Airbus A-320 Cockpit displays - ပုံ ( ၁ )
.
Electric Power -
လျှပ် စစ် ပါ ဝါ က တော့ - လေ ယာဉ် ပေါ် မှာ မီး ထွန်း ထား တာ ကို လူ တို်င်း မြင် သိ နေ ကြ တာ ပါ ။ ခု ခေတ် နောက် ပိုင်း ထုတ် တဲ့ လေ ယာဉ် တွေ မှာ တော့ - Fly by wire နဲ့ Navigation စ တဲ့ . . . စ နစ် တွေ မှာ / Computer တွေ အ များ ကြီး ပါ ဝင် လာ တာ ကြောင့် / စိတ် ချ ရ မှု ( Reliable ) နဲ့ တိ ကျ မှန် ကန် မူ ( Precise ) လို အပ် လာ တာ သ တိ ပြု မိ မှာ ပါ ။
115 V AC / 400 Hz.
28 V DC / 150 A
.
APU ( Auxiliary Power Unit ) မှာ AC Generator မီး စက် ( ၂ ) လုံး တပ် ပေး ထား ပါ တယ် ။ လေ ယာဉ် Engine တွေ မှာ တော့ - IDG ( Integrated Drive Generator ) ကို တပ် ဆင် ပေး ထား ပါ တယ် ။ ဒီ IDG တွေ က - အင် ဂျင် ဘယ် လောက် ဘဲ မြန် မြန် လည် နေ ပါ စေ / မီး စက် ( AC Generator ) က တိ ကျ တဲ့ Frequency ( Hertz ) ထွက် နိုင် စေ ဘို့ / လည် ပါတ် နှုန်း ( RPM ) ကို အ မြဲ ထိန်း ကျောင်း ပေး နေ မှာ ပါ ။ Constant speed drive တွေ ပေါ့ ။ ည စဉ် Service လုပ် ပေး ရ ပါ တယ် ။
အ ရေး ပေါ် နောက် ဆုံး မီး စက် ( Emergency Generator ) က တော့ - လေ ယာဉ် ဝမ်း ဗိုက် က နေ အောက် ကို ထွက် ကျ လာ ပြီး / လေ အား နဲ့ လည် မဲ့ RAT ( Ram Air Turbine ) မှာ ချိတ် ဆက် ထား ပါ တယ် ။
.
Battery စ နစ် ( ၂ ) ခု တပ် ဆင် ပေး ထား ပါ တယ် ။ BAT1 / BAT2 ကို Charging ပြန် သွင်း ပေး ဘို့ TR ( Transformer Rectifier ) က လုပ် ဆောင် ပါ တယ် ။
.
ပုံ ထဲ မှာ ကြည့် ရင် Engine GEN1 က AC bus1 / Engine GEN2 က AC bus2 ကို Power ပေး ပါ တယ် ။ TR1 က DC power ပြောင်း ပေး ပြီး - DC bus1 ကို ပေး ပါ တယ် ။ TR2 က တော -့ DC bus2 နဲ့ Battery တွေ ကို Charge လုပ် ပါ တယ် ။ AC ESS ( AC Essential Bus ) က AC1 နဲ့ AC2 ကို ချိတ် ဆက် ပေး ထား သ လို / EMER GEN ( Emergency Generator ) နဲ့ လည်း ဆက် ထား ပါ တယ် ။ ESS TR က DC ESS bus နဲ့ ဆက် ထား တယ် ပေါ့ ။ APU GEN1 / GEN2 က တော့ Engine GEN 1 / 2 တွေ အ တိုင်း ဆက် ထား တာ ဖြစ် ပါ တယ် ။ ဒါ ကြောင့် . . . ဘယ် GEN ( Generator ) က နေ မ ဆို - AC / DC Bus တွေ အား လုံး ကို " Power " ပေး နိုင် ပါ တယ် ။ ' Galley SHED ' က တော့ - လို အပ် လာ မှ Power အ နည်း ဆုံး သုံး နိုင် မဲ့ လေ ယာဉ် ပေါ် က - မီး ဘို ချောင် Galley များ အ တွက် ဖြစ် ပါ တယ် ။
ပုံ ( ၂ )
Pneumatic Power -
လေ ယာဉ် အင် ဂျင် Compressor စ နစ် က နေ ဖေါက် ထုတ် ( Bleed ) ယူ တဲ့ - ဖိ အား မြင့် လေ ( Compressed Air ) ကို အ သုံး ပြု တာ ဖြစ် ပါ တယ် ။ အင် ဂျင် တွေ ရပ် ထား ချိန် မှာ လည်း Bleed ( Pneumatic system ) ကို APU ( သို့ ) Ground Air service က နေ ဖိ အား မြင့် " လေ " သွင်း ပေး နိုင် ပါ တယ် ။ Bleed system ကို အ သုံး ပြု တဲ့ ကိ စ္စ တွေ က တော့ -
- Engine start
- Wing Anti-ice
- Air-conditioning
- Hydraulic Reservoir pressurization
- Water pressurization
.
ပုံ ထဲ မှာ ကြည့် ရင် အင် ဂျင် ရဲ့ HP ( High Press. ) နဲ့ IP ( Intermediate Press. ) Valves များ ( ဘဲ ဥ ပုံ အ စိမ်း ရောင် ကွင်း များ ) ပိတ် နေ ပြီး / ဘာ မျဉ်း ကြောင်း မှ ဆက် မ နေ ပါ ။ ENG ' 1 ' ENG ' 2 ' - အင် ဂျင် နှစ် လုံး စ လုံး ဆီ က " Bleed " မ ယူ သေး ဘူး ဆို တဲ့ အ ဓိ ပ္ပါယ် ဖြစ် ပါ တယ် ။ အင် ဂျင် တွေ မောင်း နေ မယ် ဆို ရင် တော့ - မ တူ ညီ တဲ့ Compressor Stage တွေ က နေ High Press. နဲ့ Intermediate Press. တွေ ကို Bleed လုပ် ယူ မှာ ပါ ။ " IP " နဲ့ မ လုံ လောက် တဲ့ စ နစ် တွေ အ တွက် - HP valve ကို ဖွင့် ပေး ပြီး ဖိ အား မြှင့် ပေး မှာ ဖြစ် ပါ တယ် ။
.
APU Bleed valve က တော့ ပွင့် နေ ပြီး - မျဉ်း ကြောင်း တွေ လည်း ဆက် နေ တာ တွေ့ ပါ မယ် ။ Compressed Air ကို APU က ပေး နေ တာ ဖြစ် ပါ တယ် ။ ပုံ ရဲ့ အ ပေါ် ပိုင်း က လက် တံ Indication တွေ က တော့ - Air-Con system ရဲ့ Flow control valve position တွေ ဖြစ် ပါ တယ် ။ Air-Con. Pack ( ၂ ) ခု ရှိ တော့ - Pack-1 နဲ့ Pack-2 အ ဝင် အ ပူ ချိန် ( Temp. ) / Pack တွေ က အ ထွက် အ ပူ ချိန် များ ပါ ။
C = Cold
H = Hot
HI = High
LO = Low
ပုံ ( ၃ )
.
Hydraulic Power -
ဟိုက် ဒြော လစ် ပါ ဝါ က လည်း လျှပ် စစ် နဲ့ တန်း တူ အ ရေး ကြီး ပါ တယ် ။ ဟို တုန်း က ( Hydraulic power ) ကို ဘ ရိတ် နဲ့ Landing gear စ တဲ့ . . . Heavy power လို အပ် တဲ့ နေ ရာ တွေ မှာ ဘဲ သုံး ခဲ့ တာ ပါ ။ ဒီ နေ့ ခေတ် လေ ယာဉ် တွေ မှာ တော့ - Fly by wire နဲ့ Autopilot Flight Director စ နစ် တွေ က အ စ . . . Computer ခိုင်း သ မျှ အား လုံး / Hydraulic Actuator လေး တွေ က လုပ် ပေး နေ ရ တာ ပါ ။
.
Airbus A-320 လေ ယာဉ် မှာ Hydraulic system ( ၃ ) ခု ရှိ ပါ တယ် ။ GREEN / BLUE နဲ့ YELLOW systems ဖြစ် ပါ တယ် ။ Blue နဲ့ Yellow System ကို ELEC ( AC Electric Pump ) နဲ့ မောင်း နိုင် ပါ တယ် ။ Green နဲ့ Yellow System တွေ က တော့ - လေ ယာဉ် အင် ဂျင် လည် မှ မောင်း နိုင် မဲ့ EDP ( Engine driven pump ) များ တပ် ဆင် ထား ပါ တယ် ။ အ ရေး ပေါ် ( Emergency ) မှာ Blue System ကို " RAT " နဲ့ လည်း Hydraulic Power ပေး နိုင် ပါ တယ် ။ လေ ယာဉ် ပျံ သန်း မှု အ တွက် - အ ရေး ကြီး တဲ့ အ စိပ် အ ပိုင်း တွေ ကို Blue System က Power ပေး နေ တာ ကြောင့် ပါ ။
.
Yellow နဲ့ Green System ကို PTU ( Power Transfer Unit ) ဆက် ပေး ထား ပါ တယ် ။ မော် တော် ကား ထဲ က Auto-gear လို ပေါ့ ။ တ ဘက် က လည် ရင် နောက် တ ဘက် က လိုက် လည် ပြီး - " Power Transfer " လုပ် ပေး ပါ တယ် ။ ဥ ပ မာ - Yellow system ကို Electric pump သုံး မောင်း လိုက် လို့ - Hyd. press. 3000 psi ရ ပြီ ဆို ပါ စို့ ။ ဒီ အ ချိန် Green system မှာ 0 psi. ပါ ။ PTU button ကို နှိပ် သွင်း လိုက် ရင် - စ က္ကန့် ပိုင်း အ တွင်း Green system မှာ 3000 psi ရ လာ ပါ မယ် ။ Power transfer လုပ် နေ တာ ဖြစ် ပါ တယ် ။ Hydraulic Fluid ဟို ဘက် ဒီ ဘက် System ဆီ - ပြောင်း ရွှေ့ သွား ခြင်း မ ရှိ ပါ ။
ပုံ ( ၄ )
.
Boeing -747 နဲ့ B-777 လေ ယာဉ် ကြီး တွေ မှာ တော့ - Hydraulic Power အ တွက် Electric Pump နဲ့ Engine Driven pump များ အ ပြင် / Engine ( or ) APU's " BLEED Air " နဲ့ မောင်း နိုင် တဲ့ - ADP ( Air Driven Pump ) များ ပါ တပ် ဆင် ထား တာ ဖြစ် ပါ တယ် ။ Demand Pump ဖြစ် ပါ တယ် ။ အ ရေး ပေါ် လို အပ် ရင် - Hydraulic Press. မ ဆုံး ရှုံး ရ လေ အောင် ပါ ။ အ ထူး သ ဖြင့် - လေ ယာဉ် ဆင်း သက် ချိန် မှာ Flaps / Landing Gears / Thrust Reversers / Spoilers နဲ့ Brake System တွေ အား လုံး Hydraulic power ကို ဝိုင်း သုံး ကြ တော့ - Pressure Loss အ နည်း နဲ့ အ များ ဖြစ် လေ့ ရှိ ပါ တယ် ။ ဒီ အ ချိန် မှာ ADP ( Air Driven Pump ) က - အ လို အ လျောက် ထ မောင်း ပြီး / Hydraulic pressure ကို 3000 psi အောက် မ လျော့ အောင် ထိန်း ထား ပေး ပါ တယ် ။
.
( နား ကြ သေး တာ ပေါ့ )
Credit to Tint Naing
Credit to Tint Naing
.



Comments
Post a Comment